မိတ်ဆွေ... ယခုလိုလာရောက် လည်ပတ်ပြီး နည်းပညာတွေလေ့လာသွားတဲ့အတွက် မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ် နောက်လဲ လာလည်ပါလို့ဖိတ်ခေါ်ပါရစေ....

Sunday 30 March 2014

Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၂ )

ကျွန်တော်တို့တွေ PSU တွေကိုရွေးချယ်ဝယ်ယူရာမှာ အဓိကအနေနဲ့ output watt ကိုသာရွေးကြတယ်။ ဒါပေမယ့် PSU နှစ်ခုမှာ 450 W ချင်းတူတူ ဘာကြောင့် တစ်ခုက သိသိသာသာပိုဈေးကြီးနေရတာလဲ။ ဒါမှမဟုတ် watt ပိုနည်းတဲ့ PSU ကပိုပြီးဈေးကြီးနေရတာလဲ။ ဒါဟာသူ့ရဲ့ 12v, 5v, 3.3v Rail တွေကထုက်ပေးနိုင်တဲ့ Ampere ပမာဏကြောင့်အဓိကဖြစ်တယ်။


Output watt
PSU တစ်ခုကို အဓိကဖော်ပြတဲ့အရာက သူ့ရဲ့ watt ပဲဖြစ်တယ်။ 450W, 550W, 650W စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ output ဟာအပြည့်မထွက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PSU က AC ကနေ DC ကိုပြောင်းလဲရာမှာ ဖြစ်ပေါ်တဲ့ lossess တွေကြောင့်ဖြစ်ပါတယ်။ ဒီအတွက် PSU ထုက်လုပ်သူတွေက သူတို့ PSU ရဲ့ effenciency တွေကိုဖော်ပြတယ်။ အထူးသဖြင့် 80% power effenciency PSU တွေမှာဖြစ်တယ်။ ဒီ PSU တွေကို 80+ PSU တွေလို့ခေါ်တယ်။ Electrical power ကို AC ကနေ DC ကိုပြောင်းလဲရာမှာ အနည်းဆုံး 80% ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။

နောက်တစ်ခုက Active power factor correction (active PFC) ဖြစ်တယ်။ PSU ဟာ AC ကနေ DC ကိုပြောင်းလဲရာမှာ Hermonics တွေပါဝင်လာတယ်။ ဥပမာ “ဒီ ဒီ ဒီ” ဆိုတဲ့အသံကို ကျွန်တော်တို့အိမ်သုံး inverter တွေမှာကြားရသလိုဖြစ်တယ်။ ဒီ hermonics တွေက အချိန်ကြာလာတာနဲ့အမျှ electrical devices တွေကိုပျက်စီးစေပါတယ်။ ဒီကောင်ကိုချေဖျက်တဲ့ active PFC ကို အရည်အသွေးပြည့်မှီတဲ့ PSU တွေမှာထည့်သွင်းလာပါတယ်။ Active PFC PSU တွေကို PSU ထုက်လုပ်သူတွေက ဂုဏ်ယူစွာဖော်ပြတက်ကြတယ်။



Rail Power
ကျွန်တော်တို့ယခုလက်ရှိသုံးနေတဲ့ PSU တွေက 12v, 5v, 3.3v တွေထုက်ပေးတယ်ဆိုပေမယ့် သူတို့ကို တကယ်တမ်းတော့ အများကြီးခွဲသုံးတယ်။ ဆိုလိုတာက +12V ကို သက်ဆိုင်ရာ device တွေမှာသုံးဖို့ +12v ကြိုးတွေကို အများကြီးထုက်သုံးတယ်။ +12v ကြိုးမှန်သမျှဟာ +12v output တစ်ခုထဲကနေခွဲထွက်သွားတာဖြစ်တယ်။ ဒီလို +12v ခွဲထွက်တဲ့ output ကို Rail လို့ခေါ်တယ်။ +12v rail, -12v rail, +5v rail စသည်ဖြင့်ပေါ့။

ကျွန်တော်တို့ PSU တွေကိုဝယ်ယူရာမှာအဓိက ကြည့်ရမှာက +12V rail က ampere ဖြစ်တယ်။ အထူးသဖြင့် CPU မြင့်မြင့်နဲ့ Graphic card မြင့်မြင့် ကိုသုံးသူတွေကြည့်ရမယ့်အရာဖြစ်တယ်။ အနည်းဆုံး +12V rail ampere က 18A ရှိရမယ်။ သူထက်ပိုများရင်ပိုကောင်းပါတယ်။ ဒါကြောင့် iCute 480W က ၃၃၀၀၀ ကျပ်ခန့်ရှိပြီး တရုက် ထုက် 650W က ၂၅၀၀၀ကျပ်ခန့်ပဲရှိတာဖြစ်တယ်။ PSU ကိုဝယ်ယူရာမှာ ဒီ rail power တွေကိုဖော်ပြမထားတဲ့ PSU တွေကိုရှောင်ရားသင့်ပါတယ်။ Watt နဲ့ Rail Power တွေကိုစဉ်းစားပြီးရင် နောက်ထပ်စဉ်းစားရမယ့်အရာတွေက PSU တစ်ခုရဲ့ function တွေပဲဖြစ်တယ်။


Connector
Connector ပိုင်းမှာ ယနေ့ခေတ်အရစဉ်းစားရမည့်အရာတွေက SATA နဲ့ PCI express power connector တွေပဲဖြစ်တယ်။
အနည်းဆုံး SATA connector နှစ်ခုနဲ့ 6 pin PCIe connector တစ်ခုပါသင့်ပါတယ်။ နောက်ပိုင်း PSU တွေမှာ PCIe connector တစ်ခုတော့ပါလာပါတယ်။ SATA connector ကတော့ပါလာရင်ပိုကောင်းပေမယ့် မပါလာလည်း Molex to SATA connector တွေကိုအလွယ်တကူဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Molex to PCIe ကတော့နည်းနည်းရှားပါတယ်။ Extreme series CPU တွေကိုသုံးသူတွေကတော့ 8 pin motherboard connector ပါတဲ့ PSU ကိုသာရွေးချယ်သင့်ပါတယ်။


Cable sleeve
ရှင်းရှင်းလင်းလင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ system တစ်ခုကိုလိုချင်သူတွေကတော့ cable sleeve လုပ်ထားတဲ့ PSU ကိုရွေးချယ်ရပါမယ်။ သူတို့ကိုရှာမတွေ့ဘူးဆိုရင်လည်း nilon clip လေးတွေနဲ့ PSU cable တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ချည်ထားသင့်ပါတယ်။



Moduler or Non-Moduler
PSU တွေရဲ့ cable တွေကိုတပ်တဲ့ပုံစံပေါ်မူတည်ပြီးတော့ Modular နဲ့ non-moduler ဆိုပြီးနှစ်မျိုးရှိပါတယ်။

Non-modular PSU တွေက cable နဲ့ PSU ကို အသေတပ်ဆင်ပြီးသားဖြစ်တယ်။ သူတို့ကိုဖြုတ်တပ်လို့မရဘူး။


Modular PSU တွေကတော့ ဖြုတ်တပ်လို့ရတယ်။ ကိုယ်လိုအပ်သလောက် တပ်ထားရုံပဲ။ ဒီနှစ်ခုရဲ့ကွာခြားချက်က Non-modular PSU တွေက မလိုတဲ့ cable တွေရှိလာရင် casing ထဲမှာ ရှုပ်တယ်၊ ဒါပေမယ့် သူ့မှာ cable voltage losses နည်းတယ်။ Modular PSU တွေကတော့ မလိုအပ်ရင်ဖြုတ်ထားလို့ရပေမယ့် အကြောင်းတစ်ခုခုကြောင့် (တပ်ထားတဲ့နေရာက လွတ်နေတာမျိုး၊ မထိတထိဖြစ်နေတာမျိုး) ပြုတ်ထွက်တပ်တယ်။ ပြီးတော့ သူကိုတပ်ဆင်ထားတဲ့နေရာတွေမှာ ရှိတဲ့ voltage lossess တွေက non-modular တွေထက်ပိုများတယ်။


Cooling
PSU တစ်ခုမှာအနည်းဆုံးတော့ fan တစ်ခုပါလာစမြဲပဲ။ တချို့ PSU တွေကတော့ Intake နဲ့ Exhaust ဆိုပြီး fan နှစ်ခုပါလာတယ်။

ဒီ PSU တွေက သူတို့ကိုသူတို့ အအေပေးရုံသာမကဘူး casing ထဲကလေပူတွေကို စွန့်ထုက်ရာမှာပါ အကျိုးသက်ရောက်တယ်။ fan များခြင်းကတော့ အသံဆူညံမှုများတယ်။ ဒါပေမယ့် နာမည်ကြီး PSU တော်တော်များများကတော့ အသံညိမ်တဲ့ fan တွေကိုသာသုံးစွဲလေ့ရှိတယ်။


Never buy at exect value!
နောက်ဆုံးတစ်ခုပြောချင်တာကတော့ PSU တွေကိုဝယ်ယူရာမှာ ဘယ်တော့မှ ကိုယ်လိုအပ်တဲ့ ပမာဏနဲ့ အတိအကျမဝယ်ဖို့ပါပဲ။
ဥပမာ ကိုယ့် system က 450 W သုံးလို့ 450W PSU ကိုမဝယ်ယူသင့်ဘူး။ သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ်၊ PSU တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မက်ထဲ သုံးတာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော်တို့ အတွက် ဈေးနှုန်းအရရော၊ performace အရရော အရွေးချယ်သင့်ဆုံး PSU ကတော့ iCute ပဲဖြစ်ပါတယ်။



1 comment:

  1. Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၂ ) ~ အောင်ခန့် >>>>> Download Now

    >>>>> Download Full

    Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၂ ) ~ အောင်ခန့် >>>>> Download LINK

    >>>>> Download Now

    Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၂ ) ~ အောင်ခန့် >>>>> Download Full

    >>>>> Download LINK cw

    ReplyDelete