မိတ်ဆွေ... ယခုလိုလာရောက် လည်ပတ်ပြီး နည်းပညာတွေလေ့လာသွားတဲ့အတွက် မိတ်ဆွေအား အထူးပဲကျေးဇူးတင်ရှိပါတယ် နောက်လဲ လာလည်ပါလို့ဖိတ်ခေါ်ပါရစေ....

Sunday, 30 March 2014

Behind Memory Speed

ကျွန်တော်တို့တွေ ကွန်ပျုတာမှာသုံးဖို့အတွက် memory တွေကို ဝယ်ယူကြတယ်။ memory အမျိုးအစားခြင်း speed ခြင်းတူတာတောင် တချို့ memory တွေက ပိုဈေးကြီးတယ်။ ပိုပြီး Performance ကောင်းကြတယ်။ ဒါဟာ memory တွေရဲ့ Timing တွေကြောင့်ဖြစ်ပါတယ်။ အလယ်အလက်နဲ့ high end memory တွေမှာ memory  speed တွေအပြင် timing တွေကိုပါထည့်သွင်းဖော်ပြလာပါတယ်။  ဥပမာဆိုရင် DDR2 800 MHz 4-4-4-15, DDR2 800MHz 2-3-2-6-T1 စသည်ဖြင့်ဖော်ပြလာပါတယ်။ 4-4-4-15, 2-3-2-6-T1 တို့ဟာ memory timing တွေပဲဖြစ်ပါတယ်။ Memory Timing ဆိုတာက memory ကအလုပ်တစ်ခုကိုလုပ်ဆောင်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။ 4-4-4-15, 2-3-2-6-T1, 5-5-5-15 စသည်ဖြင့်ဖော်ပြထားတဲ့ memory timing တွေကတော့ CL-tRCD-tRP-tRAS-CMD တွေကိုအစဉ်လိုက်ညွှန်းဆိုပါတယ်။ အခုတစ်ခုခြင်းစီရဲ့အကြောင်းကိုအသေးစိတ်ရှင်းပြပါမယ်။


CL (CAS) latency
CL ကတော့ CPU ကနေ ပေးလိုက်တဲ့ command တစ်ခုကို memory ကနေအမြန်ဆုံးပြန်လည်တုန့်ပြန်ပေးနိုင်တဲ့ကြာချိန်ဖြစ်ပါတယ်။ ဥပမာ အားဖြင့် CPU ကနေ data A ကိုထုက်ပေးပါလို့ တောင်းဆိုလိုက်တဲ့အချိန်နဲ့ memory ကနေ data A ကိုထုက်ပေးလိုက်တဲ့အချိန် နှစ်ခုကြား ကြာချိန်ဖြစ်ပါတယ်။ပိုမိုရှင်းလင်းအောင် အောက်ပုံကိုကြည့်ပါ။

CL တန်ဖိုး 3 နဲ့ 5 ရှိတဲ့ memory နှစ်ခုကိုနှိုင်းယှဉ်ပြထားပါတယ်။ CPU ကနေပြီး READ command ကိုပေးလိုက်တယ်။ ဒီအခါမှာ CL တန်ဖိုး 3 ရှိတဲ့ memory က clock cycle ၃ခုအပြီးမှာ CPU ဆီကို data ကိုပြန်လည်ပေးပို့နိုင်တယ်။ read လုပ်ပြီးပေးပို့နိုင်တယ်။ CL တန်ဖိုး 5 ရှိတဲ့ memory ကတော့ clock cycle ၅ခုပြီးမှ data ကို ပေးပို့နိုင်တယ်။ မှတ်သားထားရမှာက ကျွန်တောတို့လက်ရှိသုံးနေတဲ့ DDR 1,2,3 memory တွေက clock cycle တစ်ခုအတွင်းမှာ data နှစ်ခု၊ တနည်းအားဖြင့် command နှစ်ခုကိုလုပ်ဆောင်နိုင်တယ်။ (DDR ဆိုတာDual Data Rate ကိုဆိုလိုတာပါ။ DDR 1, DDR2, DDR3 ဆိုတာတွေက generation တွေကိုဆိုလိုတာပါ။ DDR2 က 2 data per clock cycle, DDR3 က 3 data per clock cycle မဟုတ်ပါဘူး) Time နဲ့ frequency အတွက် ပုံသေနည်းတစ်ခုရှိပါတယ်။ T= 1/f ဖြစ်ပါတယ်။ DDR2 533 MHz (266.66 MHz x 2) နဲ့ အလုပ်လုပ်တဲ့ memory တစ်ခုအတွက် clock cycle တစ်ခုရဲ့ကြာချိန်က 3.75 ns (nanosecond) ရှိပါတယ်။ ဒါကြောင့် CL 3 memory က CPU ကတောင်းဆိုတဲ့ data ကိုပေးပို့ ဖို့ဆိုရင် 11.25 ns (3.75ns x3 ) ကြာပြီး၊ CL 5ရှိတဲ့ memory က 18.75ns (3.75ns x 5)ကြာပါတယ်။
ဒါပေမယ့်DDR memories တွေက brust mode (command တစ်ခုရဲ့နောက်မှာ နောက်command တစ်ခုဆက်တိုက်လာခြင်းကိုဆိုလိုသည်) နဲ့အလုပ်လုပ်တဲ့အတွက် CPU ကနေ Command နှစ်ခုထက်မကပေးလာတဲ့အခါ CL Latency က ပထမ Command တစ်ခုအတွက်ပဲ စောင့်ရပါတယ်။ နောက် command တွေအတွက် စောင့်ဆိုင်းစရာမလိုတော့ပါဘူး။


RAS to CAS Delay (tRCD)
Memory chip တွေရဲ့လုပ်ဆောင်မှုကို Matrix ပုံစံအားဖြင့်တည်ဆောက်ထားတယ်။ Matrix မှာ row နဲ့ column တွေပါဝင်ပါတယ်။ Row နဲ့ column တွေရဲ့ဆုံမှတ်တိုင်းမှာ capacitor တစ်ခုစီကိုထည့်ထားတယ်။ အဲ့ဒီ့ capacitor တစ်ခုခြင်းက 0 ဒါမှမဟုတ် 1 ဆိုတဲ့data နှစ်ခုကို မှတ်သားထားနိုင်တယ်။ မှတ်သားထားတဲ့ data ကို လိုချင်တဲ့အခါ CPU ကနေ row number ဘယ်လောက်၊ column number ဘယ်လောက် မှာရှိတဲ့ data ကို Read လုပ်ပါ လို့ memory ကိုခိုင်းစေတယ်။
ဒီအခါမှာ memory ကနေ CPU ခိုင်းစေတဲ့ Row နဲ့ Column မှာရှိတဲ့ data ကိုရှာပေးရတယ်။ (technical term အရ ကိုယ်လိုချင်တဲ့ row ဒါမှမဟုတ် column ကို activate လုပ်တယ်လို့ခေါ်တယ်)။ Row number အတွက် RAS (Row Address Strobe) signal ကနေလုပ်ဆောင်ပြီးတော့၊ column အတွက် CAS (Column Address Strobe) signal ကနေလုပ်ဆောင်တယ်။ RAS နဲ့ CAS signals နှစ်ခု ရဲ့ကြာချိန်ကနည်းလေလေ data ကိုမြန်မြန်ဆန်ဆန် ဖတ်နိုင်လေပဲ။ ၄င်းကို RAS to CAS Delay (tRCD) လို့ ခေါ်တယ်။ ပုံမှာ ဆိုရင် tRCD 3 ရှိတဲ့ memory ကိုပြထားတယ်။

tRCD 3 ဖြစ်တဲ့အတွက် RAS ကလုပ်ဆောင်ပြီး clock cycle ၃ခုကြာမှသာလျှင် data ကို read လုပ်နိုင်တယ်။ write command အတွက်လည်းထိုနည်းတူပဲဖြစ်တယ်။


RAS Precharge (tRP)
Data တစ်ခုကို memory ကနေယူပြီးတဲ့နောက်မှာ Precharge command တစ်ခုကိုထုက်ပေးရတယ်။ လက်ရှိ row ကို ပိတ်ပြီး နောက် row တစ်ခုကို activate လုပ်ခြင်းဖြစ်ပါတယ်။ tRP ဆိုတာဟာ precharge command ကနေ activate command ကြားကြာချိန်ပဲဖြစ်ပါတယ်။ ပုံမှာဆိုရင် tRP 3 ရှိတဲ့ memory ရဲ့ အလုပ်လုပ်ပုံကိုပြထားတယ်။

tRP 3 ဖြစ်တဲ့အတွက် precharge command ကိုထုက်ပေးပြီး clock cycle ၃ခုကြာမှ Active command ကိုထုက်ပေးတယ်။


Active to Precharge Delay (tRAS)
Row တစ်ခုကို activate လုပ်တဲ့အခါကြာတဲ့အချိန်ဖြစ်ပါတယ်။ Row တစ်ခုဟာ tRAS မပြီးမခြင်း Precharge command ကိုထုက်ပေးလို့ မရပါဘူး။


Command Rate (CMD)
Command တစ်ခုနဲ့တစ်ခု ကြား ကြာချိန်ဖြစ်ပါတယ်။ သူ့ကို "T" နဲ့ဖော်ပြပါတယ်။ 1T ဆိုရင် Command တစ်ခုနဲ့တစ်ခုကြား clock cycle တစ်ခုခြားပြီး 2T ဆိုရင် Command တစ်ခုနဲ့တစ်ခုကြား 2 clock cycle ခြားပါတယ်။


အခြား Timing များ
အခြား timing များအနေနဲ့ကတော့ tRC, tRRD, tRFC, tRW, tRTW/RWT, tWTR, tREF, tWCL တို့ ဖြစ်ပါတယ်။

tRC - row cycle time ဖြစ်ပါတယ်။ cycle တစ်ခုရဲ့ minimum time ဖြစ်ပါတယ်။ ၄င်း cycle က complete full cycle ဖြစ်ဖို့ အတွက် row တွေကိုလုပ်ဆောင်ပါတယ်။ ၄င်းဟာ tRAS + tRP ဖြစ်ပါတယ်။ ဒီအချိန်ကို နည်းထားလိုက်ရင် data ဆုံးရှူံးမှုတွေဖြစ်နိုင်ပါတယ်။ ကြာထားလိုက်ရင် Performance ကျသွားနိုင်ပါတယ်။ ဒါပေမယ့် system stability ပိုကောင်းလာပါတယ်။

tRRD - Row to Row delay သို့ RAS to RAS delay ဖြစ်ပါတယ်။ Row တစ်ခုကနေ နောက်တစ်ခုကို activate လုပ်ရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။

tRFC - Row Refresh Cycle time ဖြစ်ပါတယ်။ row ကို refresh လုပ်ရာမှာ ကြာတဲ့အချိန်ဖြစ်ပါတယ်။

tRW - Write Recovery Time. Data တစ်ခုကို write လုပ်မှာကြာတဲ့အချိန်ဖြစ်ပါတယ်။ ၄င်းဟာ data ကို အမှန်တကယ် write လုပ်ထားလားဆိုတာကို စစ်ပေးပါတယ်။

tRTW/tRWT - Read to Write Delay. Write command ကိုရတာနဲ့ memory က ၄င်းကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ဖြစ်ပါတယ်။ (memory က write command ကိုစတင်လုပ်ဆောင်ဖို့ကြာတဲ့အချိန်ပါ။ လုပ်ဆောင်ပြီးလို့ CPU ဆီကို ပြန်လည်ပေးပို့ တဲ့ CL latency နဲ့မတူပါ)

tWTR - Write to Read Delay. Write command နဲ့ Read command ကြားကြာချိန်ဖြစ်ပါတယ်။

tREF - capacitor ထဲမှာ သိုလှောင်ထားတဲ့ charge ကို refreshed မလုပ်ခင်ကြာတဲ့အချိန်ဖြစ်ပါတယ်။ micro seconds နဲ့တိုင်းတာပါတယ်။

tWCL - CAS Number တွေကိုရေးသားရာမှာကြာတဲ့အချိန်ဖြစ်ပါတယ်။



မှတ်သားရန်။  ။ Memory Timing တွေနည်းခြင်းက System ကိုပိုမိုမြန်စေပါတယ်။ ဒါပေမယ့် stability မကောင်းပါဘူး။ Memory Timing တွေများခြင်းက System ကိုနှေးစေပါတယ်။ ဒါပေမယ့် stability ကောင်းပါတယ်။ Overclocking လုပ်ရာမှာ timing တွေကို အနည်းငယ်မြင့်ပေးရပါတယ်။ CPU ကို stability ကောင်းစေဖို့ဖြစ်ပါတယ်။ (memory timing ကြောင့်နှေးသွားတဲ့ speed ထက် CPU stability ဖြစ်လို့ Overclocking လုပ်ရာမှာရရှိတဲ့ CPU speed က ပိုများပါတယ်)

Desktop Computer Casing အကြောင်း


Casing တွေကို ကွန်ပျုတာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်သာ သိထားကြတယ်။ မဝယ်မဖြစ် မသုံးမဖြစ် ပစ္စည်းတစ်ခုလို့ ပဲမှတ်ယူထားကြတယ်။ ဒါပေမယ့် casing တစ်ခုဟာ ကွန်ပျုတာရဲ့ component တွေကို ထည့်ဖို့ သက်သက်မဟုတ်ပဲ ကွန်ပျုတာ component တွေအတွက် အဓိကကျတဲ့ အလုပ်ကိုလုပ်ဆောင်ပါတယ်။Component တွေကို အကာအကွယ်ပေးဖို့ ၊ အစဉ်အမြဲအေးမြစေဖို့ အပြင် လှလှပပ casing ဟာ မြင်သူအပေါင်းကိုစွဲဆောင်စေပါတယ်။ Low end componets တွေကိုသုံးထားပေဦးတော့ casing ကောင်းကောင်းနဲ့ဆိုရင် ဘာပဲပြောပြော လူရှိန်တာပေါ့။ ဈေးပေါပေါ casing တွေကိုဝယ်ထားပြီး ရာသီဥတု ဒါဏ်မခံနိုင်လို့  သံချေးတက်တာတွေ၊ အဖုံးတွေ ပိန်ကုန်တာတွေ၊ မလုံတာတွေကိုတွေ့ ရတာများပါတယ်။ Componet တွေကို upgrade လုပ်ရာမှာ လဲ ပစ္စည်းနဲ့မဆံတာတို့ အထဲမှာ ကျပ်ညှပ်နေတာတို့ ဖြစ်ကုန်ပါတယ်။
ဒါကြောင့် casing ကိုမဝယ်ခင် မိမိရဲ့ ပစ္စည်းတွေနဲ့ ကိုက်ညီအောင် စဉ်းစားရပါတယ်။ casing တစ်လုံးကိုဝယ်ယူရာမှာ အဆင်ပြေစေဖို့ အတွက် ဒီ post ကိုဖော်ပြလိုက်ပါတယ်။ casing တစ်လုံးကိုဝယ်ယူကြရာမှာ သာမန် ကွန်ပျုတာအသုံးပြုသူတွေဟာ အပြင်ပိုင်းဆိုင်ရာအလှအပကိုဦးစားပေးဝယ်ယူကြတယ်။ professional user တွေက အတွင်းပိုင်းဆိုင်ရာ နဲ့ case material ကိုဦးစားပေးဝယ်ယူကြတယ်။
      case material တွေအနေနဲ့ အသုံးအများဆုံးက aluminum နဲ့ steel ပဲ။ Steel casing ကဈေးသက်သာပါတယ်။ Aluminum ထက်ပိုလေးပြီး အပူစွန့် ထုက်မှုမှာ နည်းပါးပါတယ်။ Aluminum casing က ပိုပေါ့ပြီး ဈေးပိုကြီးပါတယ်။ အပူစွန့်ထုက်မှုကလဲ ပိုကောင်းပါတယ်။ သူတို့ထက်အကောင်းဆုံးကတော့ titanium သတ္ထုစပ်တွေပါပဲ။ Titanium casing တွေကို high end casing တွေမှာပဲအသုံးပြုပါတယ်။ ကွန်တော်တို့ဆီမှာ ရှိတဲ့ casing တွေက တော့ Aluminum alloy တွေပါပဲ။
Aluminum သီးသန့် casing တွေကတော့ ရှားပါးပါသေးတယ်။ ဈေးနှုန်းလဲသက်သာအောင် စွမ်းဆောင်ရည်လည်းကောင်းအောင် နောက်ပိုင်း casing ထုက်လုပ်သူတွေဟာ Steel-Aluminum နှစ်မျိုးကိုပေါင်းသုံးလာပါတယ်။ casing ကိုဝယ်ယူရာတွင်စတယ်စဉ်းစားရမယ့် အချက်က ကျွန်တော်တို့သုံးမဲ့ပစ္စည်းတွေပါပဲ။

Motherboard
စစခြင်း motherboard ကိုစတင်စဉ်းစားရပါတယ်။ ကိုယ့်ရဲ့ motherboard က ATX လား ၊Micro ATXလား။
ATX MB တပ်ဆင်နိုင်တဲ့ casing မှာ Micro ATX MB တွေတပ်ဆင်နိုင်ပေမယ့်၊ Micro ATX MB တပ် casing တွေမှာ ATX MB တွေမတပ်ဆင်နိုင်ပါဘူး။
MB ဆိုက်တွေအနေနဲ့
-E-ATX (Extented ATX ) MB တွေဟာ ၁၂” x ၁၁” ကနေပြီး ၁၂”  x ၁၃” ထိရှိပါတယ်။ အထူးသဖြင့် server board နဲ့ Dual CPU board တွေဖြစ်ပါတယ်။
-ATX MB တွေက ၁၂” x ၉.၆” ကအကြီးဆုံးဖြစ်ပါတယ်။
-Mirco ATX MB တွေက အကြီးဆုံး ၉.၆” x ၉.၆” ဖြစ်ပြီး ပုံမှန် ၉” x ၇.၅”ဖြစ်ပါတယ်။
-Mini ATX MB တွေကတော့အသေးဆုံးဖြစ်ပြီး 17cm x 17 cm ဖြစ်ပါတယ်။
Computer အသစ်တစ်လုံးကိုဝယ်မယ်ဆိုရင် တော့ ကိုယ်သုံးမယ့် motherboard ကိုအရင်စဉ်းစားပြီး သူနဲ့ကိုက်ညီမဲ့ casing ကိုစဉ်းစားရပါမယ်။


Graphic Card
Casing တွေနဲ့ component တွေကြားအဓိက ပြဿနာအပေးဆုံးကောင်ပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကွန်ပျုတာမှာ high end graphic card ကိုတပ်ဆင်ရာမှာ မိမိ casing ရဲ့အလျား ကသေးနေရင် ATX casing ကိုသုံးထားဦးတော့ မဆံ့ဖြစ်တက်ပါတယ်။ ဆံ့တယ်ဆိုရင်တောင် HDD တွေနဲ့ သွားညိနေတက်ပါတယ်။ အဖြစ်အများဆုံးက HDD power cable / SATA cable ခေါင်းတွေနဲ့ မလွက်တာပါ။


CPU Cooler
CPU Cooler  ကိုတပ်ဆင်မယ်ဆိုပါက case ဟာ ၄င်းကိုဆံ့မယ့် ဗျက်အကျယ်ရှိရပါမယ်။ သာမန် case တွေဟာ G-PowerII Pro လိုမျိုး cpu cooler အကြီးစားတွေကိုမဆံ့ပါဘူး။

Interior Design
နောက်တစ်ခုတော့ ဒီဇိုင်းပိုင်းပါပဲ။ အတွင်းပိုင်းဒီဇိုင်းအနေနဲ့ ပြောရရင် Drive bay တွေအတွက် screw less ဖြစ်တာကောင်းပါတယ်။ screw less case တွေဟာ အမှန်တကယ်ကို ဖြုတ်ရတပ်ရလွယ်ပါတယ်။

HDD device bay တွေအနေနဲ့လည်း ဘေးဘက်ကိုလှည့်ထားတဲ့ case ကပိုကောင်းပါတယ်။ High end case တွေမှာဆိုရင် HDD တွေအတွက် အောက်ဘက်မှာသက်သက်ကိုထားပေးထားပါတယ်။ ဥပမာဆိုရင် silverstone Raven case မှာဖြစ်ပါတယ်။


Zalmen ရဲ့ GS1000 plus မှာဆိုရင် HDD တွေကိုအရှေ့ဘက်ကနေ သွင်း/ထုက် လုပ်လို့ရပါတယ်။


device bay ဘယ်နှစ်ခုပါမလဲဆိုတာလဲ အရေးကြီးပါတယ်။ အထူးသဖြင့် HDD တွေအတွက်ဖြစ်ပါတယ်။CD/DVD device တွေကို သာမန်အားဖြင့် တစ်ခုလောက်သာသုံးကြပေမယ့် HDD တွေကိုတော့ နှစ်ခု သုံးခုထက်ပိုသုံးတက်ကြပါတယ်။ HDD တွေကိုများများသုံးမယ်ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့အတိုင်း device bay များများပါပြီး graphic card နဲ့လွတ်မဲ့ case ကိုရွေးရပါမယ်။Professional user တွေအတွက်ကတော့ water cooling အတွက် အဆင်ပြေရပါမယ်။ water cooling တပ်ဆင်နိုင်တဲ့ case တွေက များသောအားဖြင့် power supply ကိုအောက်ဘက်မှာတပ်ဆင်ပါတယ်။ cable management လည်းပါဝင်ရပါမယ်။


Exterior Design
အပြင်ဘက်ပိုင်းအနေနဲ့ကတော့ port တွေပဲဖြစ်ပါတယ်။ Printer တွေ၊ USB Flash drive တွေ၊ external HDD တွေ၊ များများတပ်ဆင်သူတွေအနေနဲ့ USB Port တွေများများပါတဲ့ case ကိုရွေးရပါမယ်။ Audio ပိုင်းအနေနဲ့ front panel မှာ head set တပ်ဆင်နိုင်ရန် Audio ပေါက်ပါဝင်ရပါမယ်။ Port တွေရဲ့နေရာတွေဟာလဲ အလွယ်တကူတပ်ဆင်နိုင်ရပါမယ်။ လုံခြုံမှုပိုင်းအနေနဲ့ တချို့ case တွေမှာ သော့ပေါက်တွေပါဝင်ပါတယ်။ ကွန်ပျုတာဟာ လုပ်ငန်းမှာထားတယ်ဆိုရင် security ကောင်းတဲ့ case ကိုရွေးရပါမယ်။


Cooling
case အတွင်းပိုင်းကိုအေးစေဖို့ အတွက် case တော်တော်များများမှာ fan တွေပါပြီးဖြစ်ပါတယ်။ ဒါပေမယ့် fan များတိုင်းကောင်းပါသလား.....
သင့်တော်အောင်မတပ်ဆင်ထားရင်တော့ နားညီးရုံပဲရှိမယ်။ ဘေးဘက်မှာ side fan ပါဝင်တာကိုကောင်းတယ်လို့ထင်ကြပါတယ်။ အမှန်တော့ပါတိုင်းမကောင်းပါ။
case မှာ ရှေ့ပန်ကာလည်းပါမယ်၊ ဘေးပန်ကာလည်းပါမယ်ဆိုရင် စဉ်းစားစရာဖြစ်လာပါပြီ။ ဥပမာ- ရှေ့ပန်ကာက လေကိုစုပ်သွင်းတယ်၊ ဘေးပန်ကာကလည်းလေကိုစုပ်သွင်းတယ်။ ဒါဆိုရင်ရှေ့ကလေလမ်းကြောင်းကို ဘေးပန်ကာ ဝင်ပြီးနှောက်ယှက်သလိုဖြစ်သွားပြီ။ သာမန် component တွေသာသုံးထားတယ်ဆိုရင် တော့ ကိစ္စမရှိပါဘူး။ အထူးသဖြင့် highend graphic ဆိုရင်တော့သွားပြီ။ ဒီကဒ်တွေရဲ့ အဓိကလေယူတာက သူတို့ရဲ့ ဘေးအစွန်းကပဲ။ အထူးသဖြင့် R5800 series တွေမှာဖြစ်ပါတယ်။ နှစ်ကဒ်များ စိုက်ထားလို့ကတော့ ကဒ်တွေကပိုမအေးတဲ့အပြင် ပိုပူလာလိမ့်မယ်။ side fan က front fan ကလာတဲ့ လေကိုအနှောင့်အယှက်မပေးဘူးဆိုရင်တော့ ကောင်းပါတယ်။ နောက်တစ်ခုကဘေးပန်ကာကြီးကြီးပါတာ က ပိုအသံကျယ်တာပါပဲ။ ဘေးပန်ကာလေကိုစုပ်ထုက်တာဆိုရင်တော့ အဲ့ဒီ့casing ကို လှည့်တောင်မကြည့်နဲ့တော့။ ကိုယ့်ရဲ့ CPU ကလေကိုစုပ်သွင်းတာလေ။ ဘေးပန်ကာက စုပ်ထုက်လိုက်မှတော့ ဘာကျန်တော့မှာတုန်း။ ဒါကြောင့် highend series casing တွေမှာ side fan ပါမလာတာပါပဲ။ ဒီ့အစား ရှေ့ပန်ကာများများနဲ့ ဘေးဘက်ကနေသံဇကာ ကို ထည့်ပေးထားတယ်။ ပိုကောင်းတဲ့casing မှဆိုရင် CPU အတွက် အပေါ်ဘက်မှာ ပန်ကာတွေတပ်ဆင်ပေးထားတယ်။

ရွေးချယ်ရာမှာသိသင့်တဲ့အချက်တွေကိုဖော်ပြပြီးတဲ့နောက်မှာ casing အမျိုးအစားတွေကိုဖော်ပြပေးထားပါတယ်။
အကြမ်းဖြင်းအားဖြင့်  full tower, mid tower, HTPC ဆိုပြီးရှိတယ်။ အမှန်တော့ဒီထက်များပါတယ်။ full tower case တွေမှာ External 5.25" bay ၅ခုနှင့်အထက်ပါဝင်တယ်။ Mid Tower Cases တွေမှာဆို ရင် External 5.25" bay ၃ခုကနေ ၅ခုထိတပ်ဆင်နိုင်တယ်။ HTPC (home theratar PC) case တွေကတော့ များသောအားဖြင့် entertainment အတွက်အသုံးပြုတယ်။ အဲ့ဒီ့case တွေက ထောင်ထားတဲ့ပုံမဟုတ်ပဲ လေးထောင့်ပုံးပုံဖြစ်တယ်။ External 5.25" bay နှစ်ခုလောက်ပဲတပ်ဆင်နိုင်တယ်။ အခုလောက်ဆိုရင် မိမိကြိုက်နှစ်သက်မယ့်၊ မိမိနဲ့ကိုက်ညီမဲ့ case တစ်လုံးကိုရွေးချယ်နိုင်ပြီလို့ထင်ပါတယ်။ အောက်မှာတော့ အကောင်းတကာ့အကောင်းဆုံး case တွေကိုပြထားပါတယ်။


Tharmaltake Level 10


Coolermaster HAF


Zalman GS1000 Plus


Silverstone Raven


ASUS CG6155


Acer Predator


HP Blackbird

Windows အတွက် မရှိမဖြစ်လိုအပ်တဲ့ Application Programs များစုစည်းမှု့


          Windows တင်ပြီးတိုင်း မဖြစ်မနေ Run ပေးရမဲ့ APP တွေကို စုစည်းထားတာပါ...
အခြေခံကစပြီးလေ့လာနေတဲ့ သင်တန်းသား တွေ အတွက်ရည်ရွယ်ပါတယ်...
ဘာလို့လဲဆိုတော့ Windows တင်ပြီးတာနဲ့ ဘာ Software တွေ

Adobe Acrobat Reader 11

Firefox Setup 28.0b9

Google Chrome 34.0.1838.2

GOM Player 2.2.56.5183

VLC Media Player 2.1.3 32 Bit


VLC Media Player 2.1.3 64 Bit

CCleaner 4.11.4619


Picasa 3.9 Build 137.118 










Intel Core i Family အကြောင်း အပိုင်း ( ၁ )

 
နှစ်တွေလည်းကြာခဲ့ပြီ... ကွန်ပျူတာလောကလည်းတိုးတက်လာတာ အိပ်မက်လိုပဲ။ ယခုခေတ်မှာ Core i series တွေအကြောင်းကိုကြားရတိုင်း ကျွန်တော်တို့သုံးခဲ့တဲ့ P III, P4 (PGA 478) CPU လေးတွေကိုသွားသတိရမိတယ်။ သူ့ခေတ်သူ့ခါတုန်းက တော့ ဘုရင်တပါးပဲ။ ဒါပေမယ့်လည်း ခုခေတ်မှာတော့ မစွန့်ချင်လည်း စွန့်ရတော့မယ်။ ဟိုးအရင်က CPU လေးတွေကိုနှမြောမိလည်း ကျွန်တော်တို့လို ကွန်ပျူတာသမား တွေက နည်းပညာတွေနဲ့ ဝေးကွာလို့မရဘူးလေ။ ဒါကြောင့်ပဲ အခု ရေချိုးနေတဲ့ အဲလေမှားလို့ ရေပန်းစားနေတဲ့ Core i family တွေကိုသိသင့်တယ်ထင်ပါတယ်။ Intel Core i family မှာ Core i7,i5,i3 တွေရှိတယ်။ ဒီထဲမှာမှ Corei7 ဆိုလည်းတစ်ခုနဲ့တစ်ခုကမတူပြန်။ ပြီးတော့ Bloomfield, Lynnfield, Clarksfield စတဲ့ code name တွေကရှိသေးတယ်။ ဒါတွေက customer တွေကို စိတ်ရှုပ်စေတယ်လေ။ အခုကျွန်တော် Intel Core i family တွေကို အတက်နိုင်ဆုံး ရှင်းပြပါမယ်။


Intel Core i family
Intel Core i family တွေမှာ code name တွေအားဖြင့် Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Brand name အားဖြင့် Core i7, Core i5, Core i3 ဆိုပြီးရှိတယ်။ Xeon series တွေလည်းပါဝင်ပေမယ့် ကျွန်တော်တို့နဲ့အလှမ်းဝေးတဲ့အတွက် မဖော်ပြတော့ဘူး။ သူတို့မှာ desktop သုံးအတွက် LGA 1366 နဲ့ LGA 1156 socket နှစ်ခုရှိတယ်။ LGA 1366 သုံး CPU တွေက DDR3 ကို triple channel ထိအသုံးပြုနိုင်တယ်။ LGA 1156 သုံး CPU တွေက dual channel ပဲရတယ်။ Hyperthreading နည်းပညာကိုပြန်လည်အသုံးပြုလာတယ်။ CPU speed ကိုမြှင့်တင်နိုင်ဖို့အတွက် Turbo boost ကိုထည့်သွင်းလာတယ်။ ဒါပေမယ့် Core i3 တွေမှာတော့ပါမလာဘူး။ Desktop version နဲ့ Mobile version ဆိုပြီးတော့လည်းခွဲထားသေးတယ်။ Laptop, Notebook တွေမှာ core i5, i3 ဆိုတိုင်း desktop CPU တွေနဲ့အတူတူလို့မှတ်ယူလို့မရဘူး။ အရင်က FSB တွေအစား Quick Path Interface (QPI) နဲ့ Direct Media Interface (DMI) ကိုအစားထိုးသုံးစွဲလာတယ်။



Gulftown
Gulftown ဟာ Core i7 family ထဲမှာအမြင့်ဆုံးလို့ဆိုနိုင်တယ်။ စစဦးပိုင်းမှာ core i9 လို့ခေါ်တွင်ပေမယ့် နောက်ပိုင်းမှာ core i7 extreme edition အနေနဲ့ရောင်းချတယ်။ သူမှာ core 6 ခုပါဝင်ပြီး Hyperthreading နည်းပညာကိုထည့်သွင်းထားတယ်။ ဒါကြောင့် core တစ်ခုစီကို thread နှစ်ခုနှုန်းနဲ့ core 12 ခုစာအလုပ်လုပ်တယ်။ Nehalem Microarchitecture အစား Westmere Microarchitecture ကိုသုံးထားတယ်။ Process အားဖြင့် 32nm ဖြစ်တယ်။ သူ့ကိုအဓိကအားဖြင့် workstation တွေနဲ့ extreme desktop system တွေမှာသုံးတယ်။ socket က LGA 1366 ဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx, Core i7 9xxX နဲ့ Xeon processor အတွက် Xeon 36xx, Xeon 56xx တို့ဖြစ်တယ် (xx သည် speed ပေါ်မှုတည်၍ နံပါတ်ပြောင်းသည်ကိုဆိုလိုသည်။ L3 Cache က 12 MB ရှိတယ်။ Thermal Design Power (TDP) က 130 Watt ရှိတယ်။ L2 cache က core တစ်ခုစီကို 256MB ရှိတယ်။
 
 
Bloomfield
Bloomfield CPU တွေက High end desktop တွေအတွက်ရည်ရွယ်တယ်။ Core i7 CPU တွေဖြစ်တယ်။ သူ့ကို Brand name အရ Core i7 9xx  လို့ပေးထားတယ်။ သူက LGA 1366 socket MB တွေမှာတပ်ဆင်နိုင်တယ်။ သူ့မှာ core လေးခုပါဝင်တယ်။ On-die memory controller ပါဝင်လာပြီး memory က CPU နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးအလုပ်လုပ်နိုင်တယ်။ ကျွန်တော်တို့တွေ့နေကြ FSB အစား Intel QuickPath Interface ကိုသုံးထားတယ်။ L1 cache မှာ instruction နဲ့ data အတွက် core တစ်ခုကို 32KB စီပါဝင်တယ်။ L2 cache မှာ Instruction နဲ့ data အတွက် နှစ်ခုပေါင်း 256 KB ကို core တစ်ခုစီအတွက်ထည့်ပေးထားတယ်။ L3 cache က 8MB ပါဝင်ပြီး CPU တစ်ခုလုံးအတွက်  ဖြစ်တယ်။ Single-die device ဖြစ်တယ်။ Core ၄ခု, Memory controller နဲ့ cache တွေအားလုံးကို die တစ်ခုထဲမှာပေါင်းထည့်ထားတယ်။ Turbo boost technology ပါဝင်လာပြီးသူက core တွေကို တစ်ဆင့်ကို 133MHz နှုန်းနဲ့ အပူချိန်နဲ့ voltage ကိုက်သည်အထိမြှင့်ပေးနိုင်တယ်။ ဟိုးအရင်က CPU တွေမှာအသုံးပြုခဲ့တဲ့ Hyper Threading ကိုပြန်လည်သုံးထားတယ်။ ဒါကြောင့် core တစ်ခုကို thread နှစ်ခုစီနဲ့ core 8 ခုပုံစံနဲ့အလုပ်လုပ်နိုင်တယ်။ ထုက်လုပ်မှုပုံစံမှာ 45nm process ဖြစ်တယ်။ transistor ပေါင်း 731 Million ပါဝင်ပြီး size က 263 mm2 ဖြစ်တယ်။



Lynnfield
Lynnfield အမျိုးအစားတွေမှာ Corei7 နဲ့ Core i5 တွေပါဝင်တယ်။ သူက Core ၄ ခုပါဝင်ပြီး LGA 1156 socket ကိုသုံးတယ်။ Brand name အရ Core i7 8xx, i7 8xxK, i7 8xxS , Core i5 7xx, i5 7xxS လို့သက်မှတ်ထားတယ်။ Xeon တွေအတွက် က 34xx ဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45 nm process နဲ့ထုက်လုပ်တယ်။ သူမှာတော့ core i7 အတွက် hyperthreading ပါဝင်ပြီး၊ Core i5 တွေအတွက်တော့ Hyperthreading ပါဝင်မလာဘူး။ Bloomfield i7 တွေနဲ့ကွာခြားချက်ကတော့ LGA 1156 သုံးထားပြီး Quick path အစား direct media interface ကိုသုံးထားတယ်။ Lynnfield တွေမှာ Direct Media Interface, Memory controller, PCI E links တွေပါဝင်တယ်။ L2 cache က core တစ်ခုစီအတွက် 256 KB နဲ့ L3 Cache က 8MB ပါဝင်တယ်။


Clarkfield
Clarkfield တွေက Lynnfield တွေရဲ့ mobile version တွေဖြစ်ပြီးသူတို့ကို laptop, notebook စတာတွေမှာသုံးတယ်။ Clarkfield တွေက mPGA 989 socket ကိုသုံးပါတယ်။ သူမှာတော့ core i7 ပဲရှိတယ်။ Brand name အရ Core i7 7xxQM, i7 8xxQM, i7 9xxXM Extreme Edition တွေဖြစ်တယ်။ Nehalem Microarchitecture ကိုအခြေခံပြီး 45nm process နဲ့ထုက်လုပ်ထားတယ်။ L2 cache က core တစ်ခုစီအတွက် 256KB ဖြစ်ပြီး L3 cache က i7 9xxXM အတွက် 8MB နဲ့ 7xxQM, 8xxQM တွေအတွက် 6MB ဖြစ်တယ်။ သူ့မှာလည်း DMI, PCI E links, Memory controller စတာတွေထည့်သွင်းထားတယ်။
 


Clarkdale
Clarkdate အမျိုးအစားတွေက Core i5 နဲ့ core i3 CPU တွေဖြစ်တယ်။ သူတို့လည်းပဲ LGA 1156 ကိုသုံးတယ်။ Nahalem Microarchitecture ကိုအခြေခံပြီး 32 nm process နဲ့ထုက်လုပ်တယ်။ Core ကတော့ ၂ခုပဲပါဝင်တယ်။ Brand name အရ i3 5xx, i5 6xx တို့ဖြစ်တယ်။ Xeon အတွက်ကတော့ L340x ဖြစ်တယ်။ L2 cache က core တစ်ခုစီအတွက် 256KB ရှိပြီး၊ L3 cache က 4MB ရှိတယ်။ သူ့မှာလည်း Integrated graphic, memory controller, PCI Express links တွေကိုထည့်သွင်းပေးထားတယ်။



Arrandale
Arrandale တွေက Clarkdale တွေရဲ့ mobile version တွေဖြစ်တယ်။ သူ့မှာတော့ Core i7, Core i5, Core i3 တွေရှိတယ်။ သူကတော့ Westmere Microarchitecture ကိုအခြေခံပြီး 32nm process နဲ့ထုက်လုပ်တယ်။ socket က mPGA 989 ဖြစ်တယ်။ Brand name တွေအားဖြင့် i7 6xxUM, i7 6xxUE, i7 6xxLM, i7 6xxLE, i7 6xxM, i7 6xxE တွေ၊ i5 5xxUM, i5 4xxM, i5 5xxM, i5 5xxE တွေနဲ့ i3 3xxM တို့ရှိတယ်။ Core ၂ ခုပါဝင်ပြီး L2 cache က core တစ်ခုစီအတွက် 256 KB ရှိတယ်။ L3 cache က i5 တွေအတွက် 3MB နဲ့ i7 တွေအတွက် 4MB ဖြစ်တယ်။ သူဟာလည်း Integrated Graphic, DMI, PCI E links တွေပါဝင်ပါတယ်။



Core i family ကို code name တွေနဲ့ရှင်းပြပြီးပြီး။ သူတို့ကို Brand name တွေအရပြန်လည်ဖော်ပြပေးထားပါတယ်။









Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၂ )

ကျွန်တော်တို့တွေ PSU တွေကိုရွေးချယ်ဝယ်ယူရာမှာ အဓိကအနေနဲ့ output watt ကိုသာရွေးကြတယ်။ ဒါပေမယ့် PSU နှစ်ခုမှာ 450 W ချင်းတူတူ ဘာကြောင့် တစ်ခုက သိသိသာသာပိုဈေးကြီးနေရတာလဲ။ ဒါမှမဟုတ် watt ပိုနည်းတဲ့ PSU ကပိုပြီးဈေးကြီးနေရတာလဲ။ ဒါဟာသူ့ရဲ့ 12v, 5v, 3.3v Rail တွေကထုက်ပေးနိုင်တဲ့ Ampere ပမာဏကြောင့်အဓိကဖြစ်တယ်။


Output watt
PSU တစ်ခုကို အဓိကဖော်ပြတဲ့အရာက သူ့ရဲ့ watt ပဲဖြစ်တယ်။ 450W, 550W, 650W စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ output ဟာအပြည့်မထွက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ PSU က AC ကနေ DC ကိုပြောင်းလဲရာမှာ ဖြစ်ပေါ်တဲ့ lossess တွေကြောင့်ဖြစ်ပါတယ်။ ဒီအတွက် PSU ထုက်လုပ်သူတွေက သူတို့ PSU ရဲ့ effenciency တွေကိုဖော်ပြတယ်။ အထူးသဖြင့် 80% power effenciency PSU တွေမှာဖြစ်တယ်။ ဒီ PSU တွေကို 80+ PSU တွေလို့ခေါ်တယ်။ Electrical power ကို AC ကနေ DC ကိုပြောင်းလဲရာမှာ အနည်းဆုံး 80% ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။

နောက်တစ်ခုက Active power factor correction (active PFC) ဖြစ်တယ်။ PSU ဟာ AC ကနေ DC ကိုပြောင်းလဲရာမှာ Hermonics တွေပါဝင်လာတယ်။ ဥပမာ “ဒီ ဒီ ဒီ” ဆိုတဲ့အသံကို ကျွန်တော်တို့အိမ်သုံး inverter တွေမှာကြားရသလိုဖြစ်တယ်။ ဒီ hermonics တွေက အချိန်ကြာလာတာနဲ့အမျှ electrical devices တွေကိုပျက်စီးစေပါတယ်။ ဒီကောင်ကိုချေဖျက်တဲ့ active PFC ကို အရည်အသွေးပြည့်မှီတဲ့ PSU တွေမှာထည့်သွင်းလာပါတယ်။ Active PFC PSU တွေကို PSU ထုက်လုပ်သူတွေက ဂုဏ်ယူစွာဖော်ပြတက်ကြတယ်။



Rail Power
ကျွန်တော်တို့ယခုလက်ရှိသုံးနေတဲ့ PSU တွေက 12v, 5v, 3.3v တွေထုက်ပေးတယ်ဆိုပေမယ့် သူတို့ကို တကယ်တမ်းတော့ အများကြီးခွဲသုံးတယ်။ ဆိုလိုတာက +12V ကို သက်ဆိုင်ရာ device တွေမှာသုံးဖို့ +12v ကြိုးတွေကို အများကြီးထုက်သုံးတယ်။ +12v ကြိုးမှန်သမျှဟာ +12v output တစ်ခုထဲကနေခွဲထွက်သွားတာဖြစ်တယ်။ ဒီလို +12v ခွဲထွက်တဲ့ output ကို Rail လို့ခေါ်တယ်။ +12v rail, -12v rail, +5v rail စသည်ဖြင့်ပေါ့။

ကျွန်တော်တို့ PSU တွေကိုဝယ်ယူရာမှာအဓိက ကြည့်ရမှာက +12V rail က ampere ဖြစ်တယ်။ အထူးသဖြင့် CPU မြင့်မြင့်နဲ့ Graphic card မြင့်မြင့် ကိုသုံးသူတွေကြည့်ရမယ့်အရာဖြစ်တယ်။ အနည်းဆုံး +12V rail ampere က 18A ရှိရမယ်။ သူထက်ပိုများရင်ပိုကောင်းပါတယ်။ ဒါကြောင့် iCute 480W က ၃၃၀၀၀ ကျပ်ခန့်ရှိပြီး တရုက် ထုက် 650W က ၂၅၀၀၀ကျပ်ခန့်ပဲရှိတာဖြစ်တယ်။ PSU ကိုဝယ်ယူရာမှာ ဒီ rail power တွေကိုဖော်ပြမထားတဲ့ PSU တွေကိုရှောင်ရားသင့်ပါတယ်။ Watt နဲ့ Rail Power တွေကိုစဉ်းစားပြီးရင် နောက်ထပ်စဉ်းစားရမယ့်အရာတွေက PSU တစ်ခုရဲ့ function တွေပဲဖြစ်တယ်။


Connector
Connector ပိုင်းမှာ ယနေ့ခေတ်အရစဉ်းစားရမည့်အရာတွေက SATA နဲ့ PCI express power connector တွေပဲဖြစ်တယ်။
အနည်းဆုံး SATA connector နှစ်ခုနဲ့ 6 pin PCIe connector တစ်ခုပါသင့်ပါတယ်။ နောက်ပိုင်း PSU တွေမှာ PCIe connector တစ်ခုတော့ပါလာပါတယ်။ SATA connector ကတော့ပါလာရင်ပိုကောင်းပေမယ့် မပါလာလည်း Molex to SATA connector တွေကိုအလွယ်တကူဝယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Molex to PCIe ကတော့နည်းနည်းရှားပါတယ်။ Extreme series CPU တွေကိုသုံးသူတွေကတော့ 8 pin motherboard connector ပါတဲ့ PSU ကိုသာရွေးချယ်သင့်ပါတယ်။


Cable sleeve
ရှင်းရှင်းလင်းလင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့ system တစ်ခုကိုလိုချင်သူတွေကတော့ cable sleeve လုပ်ထားတဲ့ PSU ကိုရွေးချယ်ရပါမယ်။ သူတို့ကိုရှာမတွေ့ဘူးဆိုရင်လည်း nilon clip လေးတွေနဲ့ PSU cable တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ချည်ထားသင့်ပါတယ်။



Moduler or Non-Moduler
PSU တွေရဲ့ cable တွေကိုတပ်တဲ့ပုံစံပေါ်မူတည်ပြီးတော့ Modular နဲ့ non-moduler ဆိုပြီးနှစ်မျိုးရှိပါတယ်။

Non-modular PSU တွေက cable နဲ့ PSU ကို အသေတပ်ဆင်ပြီးသားဖြစ်တယ်။ သူတို့ကိုဖြုတ်တပ်လို့မရဘူး။


Modular PSU တွေကတော့ ဖြုတ်တပ်လို့ရတယ်။ ကိုယ်လိုအပ်သလောက် တပ်ထားရုံပဲ။ ဒီနှစ်ခုရဲ့ကွာခြားချက်က Non-modular PSU တွေက မလိုတဲ့ cable တွေရှိလာရင် casing ထဲမှာ ရှုပ်တယ်၊ ဒါပေမယ့် သူ့မှာ cable voltage losses နည်းတယ်။ Modular PSU တွေကတော့ မလိုအပ်ရင်ဖြုတ်ထားလို့ရပေမယ့် အကြောင်းတစ်ခုခုကြောင့် (တပ်ထားတဲ့နေရာက လွတ်နေတာမျိုး၊ မထိတထိဖြစ်နေတာမျိုး) ပြုတ်ထွက်တပ်တယ်။ ပြီးတော့ သူကိုတပ်ဆင်ထားတဲ့နေရာတွေမှာ ရှိတဲ့ voltage lossess တွေက non-modular တွေထက်ပိုများတယ်။


Cooling
PSU တစ်ခုမှာအနည်းဆုံးတော့ fan တစ်ခုပါလာစမြဲပဲ။ တချို့ PSU တွေကတော့ Intake နဲ့ Exhaust ဆိုပြီး fan နှစ်ခုပါလာတယ်။

ဒီ PSU တွေက သူတို့ကိုသူတို့ အအေပေးရုံသာမကဘူး casing ထဲကလေပူတွေကို စွန့်ထုက်ရာမှာပါ အကျိုးသက်ရောက်တယ်။ fan များခြင်းကတော့ အသံဆူညံမှုများတယ်။ ဒါပေမယ့် နာမည်ကြီး PSU တော်တော်များများကတော့ အသံညိမ်တဲ့ fan တွေကိုသာသုံးစွဲလေ့ရှိတယ်။


Never buy at exect value!
နောက်ဆုံးတစ်ခုပြောချင်တာကတော့ PSU တွေကိုဝယ်ယူရာမှာ ဘယ်တော့မှ ကိုယ်လိုအပ်တဲ့ ပမာဏနဲ့ အတိအကျမဝယ်ဖို့ပါပဲ။
ဥပမာ ကိုယ့် system က 450 W သုံးလို့ 450W PSU ကိုမဝယ်ယူသင့်ဘူး။ သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ်၊ PSU တွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မက်ထဲ သုံးတာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ပြောရရင် ကျွန်တော်တို့ အတွက် ဈေးနှုန်းအရရော၊ performace အရရော အရွေးချယ်သင့်ဆုံး PSU ကတော့ iCute ပဲဖြစ်ပါတယ်။



Power Supply အကြောင်း အသေးစိတ် တင်ပြချက် အပိုင်း ( ၁ )


Power supply unit (PSU) တွေကိုသာမန် ကွန်ပျူတာသုံးသူတွေက မပါမဖြစ်အစိတ်အပိုင်းလောက်သာ သဘောထားကြတယ်။ ကွန်တော်တို့တွေ overclocking လုပ်ကြတယ်၊ MB တွေ CPU တွေပျက်တယ်။ သက်တမ်းကြာလာလို့ HDD တွေပျက်တယ်။ memory တွေပျက်တယ်။ ပျက်တဲ့ပစ္စည်းလေးကို လဲလိုက်ရုံပဲ။ Software တွေကြောင်တယ်၊ OS တွေကြောင်တယ်။ ကွန်တော်တို့တွေ ပြန်တင်လိုက်ရုံပဲ။ ဒါပေမယ့် PSU မကောင်းလို့ ပျက်တာကို တွေ့ဘူးလား ?????။ ဘေးမှာ မီးသက်ဘူးသာဆောင်ထားလိုက်တော့။ PSU မှာသာ ကြီးကြီးမားမား အမှားတစ်ခုခုဖြစ်ရင် အားလုံး ဂန့်ရော။ MB, Graphic card capacitor တွေ့ပွင့်ထွက်ကုန်တာ၊ Chipset တွေလောင်ကုန်တာတွေ့ဘူးတယ်။ ဒါကြောင့် PSU အကြောင်းကို ကျွန်တော်သိသလောက်ဖော်ပြလိုက်ပြလိုက်ပါတယ်။ အထူးသဖြင့် သာမန် computer user တွေကိုရည်ရွယ်ပါတယ်။


Power Supply Unit ဆိုတာ ကွန်ပျူတာအစိတ်အပိုင်းအားလုံးကို power ပေးတဲ့ unit ဖြစ်တယ်။ ကွန်ပျူတာအစိတ်အပိုင်းတွေအားလုံးက DC (direct current ) ကိုသုံးတာဖြစ်လို့ PSU က အဝင် AC ကနေ DC ကိုပြောင်းပေးတယ်။ သူ့ရဲ့နောက်ကိုကြည့်မယ်ဆိုရင် AC power In, On-Off Switch, Voltage selection switch ဆိုပြီး သာမန်အားဖြင့်ရှိတယ်။


အပေါစား နဲ့ နိုင်ငံတွင်းသီးသန်သုံး PSU တွေမှာတော့ Voltage selection switch ပါဝင်လေ့မရှိဘူး။  On-Off switch မှာတော့ ပုံနှစ်ခုပါဝင်တယ်။
စက်ဝိုင်းပုံလေးနဲ့ မျဉ်းကြောင်းပုံလေးဖြစ်တယ်။ စက်ဝိုင်းပုံလေးက ပိတ်ထားတာကိုဆိုလိုပြီး မျဉ်းကြောင်းလေးက ဖွင့်တာကိုဆိုလိုတယ်။ ဒါကို ကွန်ပျူတာသမားတော်တော်များများတောင် မှားတက်တယ်။

Supplying DC
PSU က AC ကနေ DC ကိုပြောင်တယ်လို့ပြောပြီးပြီး။ ဘယ်လောက် voltage တွေကိုပြောင်းတာလဲ။ သူက 12v, 5v, 3.3v DC တွေကိုထုက်ပေးတယ်။ ကွန်ပျူတာပစ္စည်းထုက်လုပ်သူတွေက ဒီ output DC voltage တွေကိုသူတို့နည်းသူတို့ဟန်နဲ့ အမျိုးမျိုးအသုံးချပေမယ့် စံတစ်ခုတော့သက်မှက်ထားကြတယ်။ ဥပမာအားဖြင့် အဝါရောင်ကြိုးဟာ +12V ဖြစ်ပြီး အနီရောင် ကြိုးဟာ +5V ဖြစ်တယ်။ (-12V, -5V တွေလည်း ကွန်ပျူတာမှာသုံးပါတယ်;)။ အနက်ရောင်ဟာ ground ဖြစ်တယ်။ PSU ကထွက်လာတဲ့ power တွေကို အလွယ်တကူဖြုတ်တပ်နိုင်အောင် connector တွေနဲ့ ဆက်ပေးထားတယ်။ ဒီ connector တွေမှာ များပြီး မဆက်နိုင်အောင် စောင်းလေးတွေလုပ်ပေးထားတယ်။ အဲဒါကို chamfer လို့ခေါ်တယ်။

Power to Motherboard
Motherboard နဲ့ချိတ်ဆက်တဲ့ power connector ကို 20 pin or 24 pin P1 power connector လို့ခေါ်တယ်။


24 pin ကို 20 pin သုံး MB တွေမှာ တပ်ဆင်နိုင်ပါတယ်။ ဒီ့အတွက် 24 pin connector မှာရှိတဲ့ ဘေးအစွန် 4 pin ကိုဖြုတ်တပ်လို့ရအောင် ပြုလုပ်ထားပါတယ်။ 20 pin ကို 24 pin MB တွေမှာတပ်ဆင်နိုင်ပေမယ့်လို့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ MB တော်တော်များများမှာ ဒါကိုကာကွယ်ဖို့ function တွေပါဝင်ပြီးသားဖြစ်ပါတယ်။ နောက်ပြီးတော့ ယခုသုံးနေတဲ့ modern MB တွေအတွက် 4pin power connector တွေပါလာတယ်။ များသောအားဖြင့် 4pin တွေဖြစ်တယ်။ သူတို့ကိုတော့ P4 connector လို့ခေါ်တယ်။

8pin power connector တွေကိုတော့ highend CPU တွေအတွက် ထည့်ပေးထားကြတယ်။ အထူးသဖြင့် Intel Extreme series CPU တွေအတွက်ဖြစ်တယ်။ ဒီ 8 pin connector တွေကို EPS 12V, EATX 12V, ATX 12V 2x4 စသည်ဖြင့်ခေါ်ကြတယ်။ သူ့ရဲ့ Pin တဝက်ဟာ P4 connector တွေနဲ့တူတူပဲဖြစ်တယ်။ PSU တော်များများမှာတောင် 8 pin connector တွေမပါလာဘူး။

Power to Peripherals
HDD, floppy, DVD, Fans စတာတွေကိုတပ်ဖို့ကြတော့ Mini, Molex နဲ့ SATA power connector ပါဝင်လာတယ်။

Molex connectors
ဒီ connectors တွေကို 5v နဲ့ 12v သုံး devices တွေအတွက် အသုံးပြုတယ်။ ဥပမာ အားဖြင့် IDE HDD, DVD, Fans တွေဖြစ်တယ်။ သူမှာ တော့ pin ၄ ခုပါဝင်တယ်။ သူကို ပြောင်းပြန်မှားမတပ်နိုင်အောင် chamfer လုပ်ထားတယ်။ ဒီအမျိုးအစား ကိုတော့ အများဆုံးအသုံးပြုတယ်။ ဒီ connector တွေမှာ အဝါရောင်ကြိုးက +12V၊ အနီရောင်က +5V နဲ့ အနက်နှစ်ကြိုးက ground တွေဖြစ်တယ်။


Mini connector
Floppy power connector လို့ခေါ်တဲ့ ဒီ Mini connector ကိုတော့ floppy တွေကိုပဲအဓိကထားသုံးတယ်။ အခု များသောအားဖြင့် PSU တစ်ခုမှာ mini connector တစ်ခုတော့ပါလာသေးတယ်။ molex connector တွေကိုပြောင်းပြန်တပ်ဖို့ခဲရင်းပေမယ့် mini connector တွေကိုအလွယ်တကူ မှားပြီးတပ်ဆင်နိုင်တဲ့အတွက် ဒီ connector တွေကိုသုံးမယ်ဆိုရင်သတိထားရပါတယ်။


SATA power connector
အရင်တုန်းက IDE HDD တွေကို power ပေးဖို့အတွက် molex ခေါင်းတွေကိုပဲသုံးတယ်။ SATA HDD တွေပေါ်လာတော့ သီးခြား power connector ကိုသုံးလာတယ်။ SATA power connector တွေဟာ L ပုံ ပြုလုပ်ထားတဲ့အတွက် မှားတပ်ဖို့ရာ မလွယ်ကူတော့ပါဘူး။ သူ့မှာ Pin ၁၅ ခုပါဝင်တယ်။ တချို့ SATA HDD တွေမှာတော့ molex connector ကိုပါအသုံးပြုနိုင်အောင် ထည့်ပေးထားတယ်။ ယခုနောက်ပေါ် PSU တွေမှာ SATA power connector တစ်ခုကနေ နှစ်ခုလောက်ထိ ထည့်သွင်းပေးထားကြတယ်။ မပါလည်းပြဿနာမရှိပါဘူး။ Molex to SATA power connector တွေကို အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။



Graphic Power Connector
ယခုနောက်ပေါ် Mid-range နဲ့ high end graphic card တွေဟာ power ပိုစားတဲ့အတွက် သူတို့အတွက် သီးခြား power connector တွေလိုအပ်လာတယ်။ Graphic card အတွက် power connector တွေဟာ 4 pin, 6 pin, 8 pin ဆိုပြီးရှိပါတယ်။ သူတို့ကို auxiliary PCI Express power connector လို့ခေါ်တယ်။


ဒီ 4 pin နဲ့ 8 pin power connector ဟာ MB အတွက်ဖြစ်တဲ့ P4 connector တွေနဲ့မတူတဲ့အတွက် သူတို့ကိုမှားပြီးမတပ်ဆင်ရပါဘူး။ Molex to PCIe power connector တွေကိုလည်း ဈေးကွက်မှာဝယ်ယူရရှိနိုင်ပါတယ်။



PSU generation
ATX PSU
စစခြင်းပေါ်လာတဲ့ PSU တွေကို ATX PSU လို့ခေါ်တယ်။ သူ့မှာတော့ 20 pin P1, molex connectors, mini connectors တွေသာပါဝင်တယ်။ သူ့နောက်ပေါ်ပေါက်လာတာက ATX 12V 1.3 ဖြစ်တယ်။

ATX 12v 1.3 PSU
သူမှာတော့ 4pin P4 connector နဲ့ AUX လို့ခေါ်တဲ့ 6 pin Auxiliary power connector ပါဝင်လာတယ်။ အထူးသဖြင့် AMD motherboard က AUX ကိုသုံးပြီး Intel MB တွေက P4 ကိုသုံးတယ်။


EPS 12V PSU
နောက်ထပ်ထွက်ပေါ်လာတာကတော့ EPS 12V PSU တွေပဲဖြစ်တယ်။ သူတို့မှာ 20 pin P1 အစား 24 pin P1 တွေကိုသုံးလာတယ်။
ဒါတွေအပြင် AUX, 4pin P4, 8 pin MB connector စတာတွေအကုန်လုံးကိုထည့်ပေးထားတယ်။ ဒါပေမယ့် ATX power system တွေမှာအသုံးပြုလို့မရတဲ့အတွက် ခဏတာသာပေါ်ပေါက်ခဲ့တယ်။

ATX 12V 2.0
ဒီ PSU စနစ်ကတော့ ကျွန်တော်တို့ယခုလက်ရှိသုံးနေတဲ့ PSU တွေပဲဖြစ်ပါတယ်။ သူမှာတော့ 24 pin P1, 4 pin P4 and/or 8 pin တွေပါဝင်ပါတယ်။ 24pin P1 ဟာ pin ၄ခုကိုဖြုတ်ပြီး 20 pin P1 အနေနဲ့လည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် ပိုတဲ့ 4 pin ဟာ P4 connector နဲ့တော့မတူပါဘူး။

တခြား PSU တွေလည်းရှိသေးတယ်။ သူတို့ကတော့ TFX 12V, SFX 12V, CFX 12V နဲ့ LFX 12V တို့ဖြစ်တယ်။

TFX12V
TFX12V ကိုတော့ low profile (တိက်ဆိတ်ညိမ်သက်သော system) ATX system တွေမှာသုံးတယ်။



SFX 12V
SFX 12V ကိုတော့ Flex-ATX MB တွေမှာသုံးတယ်။


CFX12V
CFX12V PSU တွေဟာ L ပုံဖြစ်ပြီး Micro BTX system တွေမှာသုံးပါတယ်။


LFX12v
LFX12V PSU တွေကိုတော့ low-profile BTX System တွေမှာသုံးပါတယ်။



ဆက်လက်ဖော်ပြပါမည်။